Monday, March 14, 2016

လွမ်းဖွယ်နွေဦး

ဟေမန်ကို  နွေလှန်တုံ့လေပြီ

ပူဟုန်ပြင်းစ၊ နှင်းစဲစ၊  ဟေမန်ယွင်းစ၊ နွေချဉ်းစ၊ နွေဦးကာလဖြစ်ပေ၏

ပင်ပေါ်ထက်မှ မြအရွက်တို့ ရွှေအဆင်းသို့ပြောင်းကြပြီ

နွေဦး၏လေရူးက ရွှေရွက်တို့ကို ချွေနေ၏

ရွက်ကြွေတို့မြေခပြီး လေယူရာသို့ လိုက်ပါနေကြ၏

ကိုးခွင်တိုင်းတွင်ကား မြူ မုန်တို့ဖြင့် မိုင်းနေသည်

ရာသီ၏အစမှာ လွမ်းမောဖွယ်ရာဖြစ်နေ၏........


လယ်တွင်းသားစောချစ်-ပန်းမြိုင်လယ်မှ ဥယျာဉ်မှူးးစာအုပ်မှ

No comments:

Post a Comment