ငိုကြွေးနေလား
မျက်ရည်သုတ်လိုက်ပါ
ပြီးရင်...ခရီးဆက်ရမယ်...
မောပန်းနေလား
ခဏနားလိုက်ပါ
ပြီးရင်...ခရီးဆက်ရမယ်...
ဆုံးရှုံးသွားပြီလား
မေ့ပစ်လိုက်ပါ
ပြီးရင်...ခရီးဆက်ရမယ်...
လဲကျနေလား
မတ်မတ်ရပ်လိုက်ပါ
ပြီးရင်...ခရီးဆက်ရမယ်...
ဘာတွေဖြစ်ဖြစ်
တွေညစ်ငေးငိုင်
ခြေမယိုင်နဲ့...
ဘ၀ခရီး
မပြီးဆုံးသေးသရွေ့
လောကနေ့ရက်
နုသစ်တက်ကြွ
ခရီးဆက်ရမယ်
ခရီးဆက်ကြမယ်....
A.Kyaw Thu
No comments:
Post a Comment