ရှုပ်ပွ...
အာရုံတွေ...
မီးခိုးငွေ့တွေကြား
ဥပေကာ ထောင့်ကွေးလေးမှာ
ပြေလျော့ လျော့ မှီနေတဲ့  ကျုပ်ကို
လာမထိနဲ့
ဒီမှာ
ကမာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး
မျက်လုံးတွေမှေးစင်း...
ရီဝေ...
ကျုပ်
ဒီလိုပဲနေတတ်ခဲ့တာကြာပြီ
ရှုး...တိုးတိုး
တံခါးမခေါက်နဲ့
အာရုံမနောက်နဲ့
ဒီအာရုံတွေပျောက်ရင်
ခင်ဗျားတို့မှာ လျော်စရာမရှိဘူး
ဒီအရသာ
ကြက်သွန်ရဲ့ကဗျာမှာမရှိဘူး
(ကြက်သွန်ရဲ့ကဗျာဟာ...မရှိဘူး
ကြက်သွန်ရဲ့ကမာဟာ...မရှိဘူး)
"မင်း မျက်ကွင်းတွေ ညိုနေပါလား" တဲ့
ကျုပ်
ဒီလိုပဲနေတက်ခဲ့တာကြာပြီ။
ကြက်သွန်
No comments:
Post a Comment