တန်ဖိုးရှိလှတဲ့ ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော
စစ်သွေး စစ်မာန် စစ်ဟန် စစ်ဟိတ် လုံးဝမရှိသော
အရပ်သားအစိုးရတစ်ခေတ်ကို ဖော်ဆောင်ပေးနိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား … ကျေးဇူးအများကြီး တင်လိုက်ပါရစေ
မနေ့ကအထိ စိုးရိမ်စိတ်တွေဝေ၊ ဒီနေ့အစောပိုင်းအထိ သောကတွေပွေ၊ ညစ်ပတ်ယုတ်မာသူတွေ ဘယ်လို မွှေမယ်ဆိုတာ မသိနိုင်တော့ ပြည်သူတွေ စိုးရိမ်ရသပေါ့
ခုတော့
ဘာလဲဟဲ့ အရပ်သား၊ တစ်မတ်သားကို စိန်ခေါ်၊ တိမ်ပေါ်ကို ဒူးနဲ့တက်တိုက် မူးမေ့လဲအောင် လုပ်ပစ်လိုက် နိုင်ခဲ့ပြီပေါ့
ဒါပေမဲ့လေ … ပျော်သာပျော်ရ မမော်ရသေးဘူး
ဆွမ်းဆန်ထဲမှာ ကြွက်ချေးကလာရော၊ အဖျက်သဘောနဲ့ သမိုင်းညစ်အောင်လုပ်ထားသူတွေကတော့ ရာဇဝင် တွင်သွားခဲ့ပေါ့။ မှတ်ထားကြဟေ … အဲဒီလို စိတ်ဓာတ်နဲ့ တို့တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်လာခဲ့ကြတာ သမိုင်း စာမျက်နှာ အသစ်ဖွင့် ကျောင်းတွေမှာ သင်ပေးရစ်ကြပါ
ဟေ့ … ၂၀၁၆ သမိုင်းမှာ ဟောဒီလို ရိုင်းစိုင်းခဲ့ကြတယ်ဆိုတာ လက်ညှိုးထိုးပြစရာတစ်ကွက် ဖြစ်သွားခဲ့တယ်
တို့ မြန်မာ့သမိုင်းမှာ ပြည်သူ့သွေးတွေ မစွန်းပေခဲ့တဲ့ လက်နဲ့ သမ္မတအသစ်တက်လာမှာ ဂုဏ်ယူစရာကောင်းလိုက်တာ
ခေါ်လိုက်ပါရစေ
အရပ်သားသမ္မတ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ
၁၅.၃.၂၀၁၆
Credit >> Saya Tin Nyunt

No comments:
Post a Comment